Myanmar Profess X မှာ အားလုံးအဆင်ပြေနိုင်ရန်အတွက် Tutorials လေးတွေရေးပေးဖို့စီစဉ်ထားပါတယ်။ စီစဉ်ထားတဲ့အတိုင်းဆိုရင်တော့ ဖိုရမ်မှာ အကောင့် ဘယ်လိုလုပ်ရမလဲဆိုတာကနေ စရမယ်ထင်ပါတယ်။ အဲ့ဒီအတွက်ကြောင့်လဲ Computer နဲ့အကောင့်ဘယ်လို Create လုပ်လို့ရလဲဆိုတာကို Tutorial အဖြစ်နဲ့ရေးပေးပါ့မယ်။ ဖုန်းလဲ တူတူပါပဲ UI သာကွာသွားတာဖြစ်ပေမယ့် ရေးချင်စိတ်ရှိတဲ့အချိန်မှာ ဖုန်းအတွက်ပါ ရေးပေးသွားပါ့မယ်လို့ xD အရင်ဆုံး စပြီး မြင်ရမှာကတော့ Myanmar Profess X forum index ပဲဖြစ်ပါတယ်။ အဲ့ဒီကနေပြီး ညာဘက်အပေါ်ဒေါင့်လေးကို ကြည့်လိုက်မယ်ဆိုရင်တော့ Login and Register ဆိုပြီးရှိပါတယ်။ Login ကတော့ အကောင့်လုပ်ပြီးသားလူတွေ ဝင်ဖို့နဲ့ Register ကတော့ အကောင့်သစ်မရှိသေးတဲ့လူတွေအတွက်ပါ။ ... အကောင့်အသစ်လုပ်ဖို့ဖြစ်တာကြောင့် Register ကိုနှိပ်လိုက်ပါ့မယ်။
Post Image

အသက် ၁၈ နှစ်အောက်ကို ကန့်သတ်ထားတဲ့အတွက်ကြောင့် အသက်အရွယ်ကို စစ်ပြီး Register လုပ်ခွင့်ပေးမပေးကိုစစ်နိုင်ဖို့အတွက်ပါ။ (အကယ်၍ အသက်လိမ်ထားတာကို Forum ရဲ့ Moderator တွေမှဖြစ်ဖြစ် Administrator မှဖြစ်ဖြစ်သိရှိပြီး အကောင့်ကို စစ်ဆေးပြီးဖျက်သိမ်းနိုင်ပါတယ်။)
Post Image

ပြီးသွားရင်တော့ Register Aggrement တွေဖတ်ပြီး Forum မှာ ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်းလုပ်ဆောင်တာကို လက်ခံမယ်ဆိုရင်တော့ ရှေ့ဆက်လို့ရပါပြီ။
Post Image

ဖိုရမ်မှာအသုံးပြုဖို့အတွက် Account Information တွေကို ထည့်သွင်းပေးရမှာပဲဖြစ်ပါတယ်။ Forum မှာ အသုံးပြုမယ့် Login ဝင်ရမယ့် နာမည်၊ Password နဲ့ Account activation လုပ်ဖို့အတွက် mail address တွေရယ် ကိုယ်ရဲ့ Gender နဲ့အခြားသော အချက်အလက်တွေကို ထည့်သွင်းနိုင်ပါတယ်။ အကယ်လို့သာ တစ်ယောက်ယောက်က referred လုပ်တယ်ဆိုရင်တော့ Search for a user မှာ ကိုယ့်ကို ဖိတ်ခေါ်တဲ့လူရဲ့ နာမည်ကိုရိုက်သွင်းပေးမယ်ဆိုရင်တော့ ဖိတ်ခေါ်သူက 25 Credits/ Points ရမှာပဲဖြစ်ပါတယ်။ ပြီးရင်တော့ Security Question ကို ထည့်သွင်းလိုက်ပါ။ ထည့်သွင်းပြီး အခြားလိုအပ်တာတွေကို ဖြည့်ပြီးသွားရင်တော့ နောက်တစ်ဆင့်ကိုတက်လို့ရပါပြီ။
Post Image

လိုအပ်သော အချက်အလက်များ ဖြည့်ပြီးရင်တော့ အစိမ်းရောင်လေးတွေ ပြောင်းပြောင်းသွားပါလိမ့်မယ်။
Post Image

အားလုံးဖြည့်ပြီးသွားရင်တော့ Captcha ကို ဖြည်ပြီး Submit ကိုနှိပ်ပြီး အကောင့်သစ်လုပ်တာကို ရှေ့ဆက်လို့ရပါပြီ။
Post Image

အားလုံး ပြည့်စုံစွာထည့်ပြီးသွားရင်တော့ အောက်ပါ အတိုင်း မြင်ရပါလိမ့်မယ်။
Post Image

ပြီးသွားရင်တော့ Register အောင်မြင်ကြောင်းပြသပေးသွားရင်တော့ mail ကိုသွားပြီး Activate လုပ်ပေးရမှာပါ။
Post Image

အကယ်လို့ mail ကို activate မလုပ်ဘူးဆိုရင်တော့ အကောင့်က ၁ ပါတ်အတွင်းပျက်သွားမှာပဲဖြစ်ပါတယ်။ Spam account တွေနဲ့ ပြည့်နေမယ့်အစား quality over quantity လို့အမြဲခံယူထားလို့ ဖျက်ချအောင် လုပ်ထားပါတယ်။ အကောင့်မပျက်ချင်ရင်တော့ Account activation လုပ်ထားဖို့ အကြံပေးချင်ပါတယ်။
Post Image

ကိုယ့် mail ရဲ့  inbox အတွင်းသို့ "Myanmar Profess X" က ပို့သော mail ရောက်နေပါလိမ့်မယ်။ Inbox ထဲမရှိရင်တော့ Spam mail ထဲမှာ စစ်ကြည့်လိုက်ပါ။ Inbox ထဲကိုရောက်အောင် အကောင်းဆုံး ကြိုးစားထားပေမယ့် တစ်ခါတစ်လေတော့လဲ Junk ဖြစ်ပြီး spam ထဲရောက်သွားတတ်ပါတယ်။ xD
Post Image

mail အတွင်းသို့ ရောက်ရှိလာသော mail url ကို copy ကူးပြီး browser အတွင်းမှာ ဖွင့်ပြီး Activate လုပ်မယ်ဆိုပါက Myanmar Profess X forum account တစ်ခုရမှာပဲဖြစ်ပါတယ်။
Post Image

Mobile အတွက်လည်း မကြာခင်ရေးပေးပါ့မယ်။
😈 Fuck is bad word,so don't use it. 😈

Users browsing this thread

Active within the last 10 minutes

0 members1 guest
No registered members currently browsing.(1 guest viewing)